သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
လုကာ 1:32 - Common Language Bible ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။- Garrad Bible ထို သူ သည် ကြီး မြတ်၍ မြင့် မြတ် သော အ ရှင်၏ သား တော် ဟု အ ခေါ် ခံ လျက် သူ့ အ ဘ ဒါ ဝိဒ် မင်း၏ နန်း မွေ ကို ထာ ဝ ရ ဘု ရား သ ခင် ပေး တော် မူ သ ဖြင့်၊ Judson Bible ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားသည် အလွန်ကြီးမြတ်သူ ဖြစ်လာ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသားတော်အား သူ၏ဖခင်ကြီးဖြစ်သော ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို ပေးအပ်တော်မူလိမ့်မည်။ မြန်မာ ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- |
သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။ သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။ အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊ သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့် အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
ထိုအခါဒါဝိဒ်၏သားမြေးတစ်ဦးတည်း နန်းတက်၍ပြည်သူတို့အားသစ္စာ၊ မေတ္တာနှင့် အုပ်စိုးလိမ့်မည်။ သူသည်မှန်ရာကိုပြုရန် လက်နှေးလိမ့်မည်မဟုတ်။ တရားသဖြင့် စီရင်ဆုံးဖြတ်ပေးလိမ့်မည်။)
သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။-
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သို့ရာတွင်ကိုယ်တော်သည်ဆိတ်ဆိတ်နေတော်မူ၏။ စကားတစ်ခွန်းကိုမျှပြန်၍ပြောတော်မမူ။ တစ် ဖန်ယဇ်ပုရောဟိတ်မင်းက ``သင်သည်မင်္ဂလာရှိ တော်မူသောဘုရားသခင်၏သားတော်မေရှိယ လော'' ဟုမေး၏။
သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။
ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။
ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-