အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
ရှင်ယောဟန် 8:43 - Common Language Bible ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။- Garrad Bible ငါပြန်ကြားချက်ကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ့တရားကိုနာယူရန် မတတ်စွမ်းနိုင်သောကြောင့်တည်း။ Judson Bible အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့စကားကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ထိုသို့နားမလည်ခြင်းမှာ ငါ့သွန်သင်ချက်ကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်၏။ မြန်မာ အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။- |
အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
ဤသို့ဖြင့်ကိုယ်တော်သည်ငါ့အားထိုသူတို့ထံသို့စေလွှတ်ပြီးလျှင်``သူတို့အား`သင်တို့သည်ထပ်ကာထပ်ကာနားထောင်သော်လည်းနားလည်လိမ့်မည်မဟုတ်။ ထပ်ကာထပ်ကာကြည့်သော်လည်းအဖြစ်အပျက်ကိုသိလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။-
ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
သို့ရာတွင်ထာဝရဘုရား၏အကြံတော် မည်သို့ရှိကြောင်းကို ထိုနိုင်ငံများမသိ ကြ။ စပါးကိုနယ်ရန်တလင်းထဲသို့စု သိမ်းသကဲ့သို့ ကိုယ်တော်သည်သူတို့ကို ဒဏ်ခတ်ရန်စုဝေးစေကြောင်းသူတို့ မသိကြ။
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။-
ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။-
ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။
ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-