မိက္ခာ 4:12 - Common Language Bible12 သို့ရာတွင်ထာဝရဘုရား၏အကြံတော် မည်သို့ရှိကြောင်းကို ထိုနိုင်ငံများမသိ ကြ။ စပါးကိုနယ်ရန်တလင်းထဲသို့စု သိမ်းသကဲ့သို့ ကိုယ်တော်သည်သူတို့ကို ဒဏ်ခတ်ရန်စုဝေးစေကြောင်းသူတို့ မသိကြ။ အခန်းကိုကြည့်ပါ။Garrad Bible12 ကောက် နယ် တ လင်း သို့ ကောက် လှိုင်း သ ဖွယ်၊ ထို သူ တို့ ကို သိမ်း သွား သော ငါ ထာ ဝ ရ ဘု ရား ကြံ စည် သော ပြ ဋ္ဌာန်း ချက် ကို မ သိ ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ကို ကောက်နယ်တလင်း၌ စုထားသကဲ့သို့၊ ထိုသူတို့ကို စုထားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် သူတို့သည် ထာဝရဘုရား၏စိတ်တော်တို့ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ စင်စစ် ကိုယ်တော်သည် သူတို့ကို ကောက်နယ်တလင်းမှ ကောက်လှိုင်းများကဲ့သို့ စုစည်းတော်မူမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။