Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 6:9 - Common Language Bible

9 ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ကြား လျက် ပင် နား မ လည် ရ၊ ကြည့် လျက် ပင် မ သိ မ မြင် ရ ဟု ထို လူ မျိုး အား ဆင့် ဆို လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား​ပြီး​လျှင်၊ သင်​တို့​သည် ကြား​လျက်​ပင်၊ အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ပြော​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကိုယ်တော်​က​လည်း “​ဤ​လူမျိုး​ထံ​သွား​၍ ‘​သင်​တို့​သည် ကြား​လျက်ပင် နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်​။ မြင်​လျက်ပင် သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​’​ဟု ပြော​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 6:9
21 ပူးပေါင်းရင်းမြစ်များ  

အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-


သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။


အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။


ဘု​ရား​သ​ခင်​က ``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။


မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ငါ ၏​လူ​စု​မ​ဟုတ်၊ ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​သ​ခင်​မ​ဟုတ်​သော​ကြောင့်​ထို​သား ကို`ငါ့​လူ​မျိုး​မ​ဟုတ်' ဟု​နာ​မည်​မှည့်​လော့'' ဟု​မိန့်​တော်​မူ​၏။


အ​ဘယ်​ကြောင့်​ဆို​သော်၊ `သူ​တို့​သည်​ကြည့်​လျက်​နှင့်​လည်း​မ​မြင်၊ ကြား​လျက်​နှင့်​လည်း​နား​မ​လည်​ကြ။ အ​ကယ်​၍​သူ​တို့​သာ​မြင်​၍​နား​လည်​ပါ​မူ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြောင်း​လဲ​ကြ​မည် ဖြစ်​သ​ဖြင့်၊ ကိုယ်​တော်​သည်​သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ကျမ်း​စာ​လာ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။


ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။


ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-


သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ