ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
ရှင်ယောဟန် 8:14 - Common Language Bible သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။- Garrad Bible ယေရှုက ငါသည်မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့သွားမည်ကိုသိသဖြင့်၊ ကိုယ့်အကြောင်းသက်သေခံသော်ကား၊ ငါ့သက်သေခံချက်တည်၏။ သင်တို့မှာမူ မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့ငါသွားမည်ကို မသိကြ။ Judson Bible ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကို ငါသိ၏။ သင်တို့မူကား ငါမည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကိုမသိကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါသည် မိမိအကြောင်းမိမိ သက်သေခံသော်လည်း ငါ့သက်သေသည် ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့ကမူ ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို မသိကြ။ မြန်မာ ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။- |
ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
(မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။-
ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
``ငါသည်မိမိ၏အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည်ခိုင်လုံခြင်းမရှိ။-
သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။-
ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-