ရှင်ယောဟန် 14:10 - Common Language Bible
10 ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ခမည်းတော်၌ ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ သင်မယုံလော။ ငါဟောသောဒေသနာကို ကိုယ့်အလိုအလျောက်ဟောခြင်းမပြု။ ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည် ကိုယ့်အမှုတော်များကိုပြုတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်သည်ကို သင်မယုံသလော။ သင်တို့ကို ငါပြောသောစကားတို့သည် ငါ့ဆန္ဒအတိုင်း ပြောသောစကားများ မဟုတ်။ ငါ၌တည်သော ခမည်းတော်သည် သူ၏ အမှုတော်များကို ငါ့အားဖြင့် လုပ်ဆောင်တော်မူခြင်းသာ ဖြစ်၏။