Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:37 - Common Language Bible

37 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 သို့ဖြစ်လျှင် သင်သည်ဘုရင်မင်းလောဟု ပိလတ်မင်းမေးသည့်ကာလ ယေရှုက ငါသည် သင်ဆိုသည့်အတိုင်းဘုရင်မင်းတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန်၊ ထိုသို့သောအဖြစ်ဖြင့်ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ရောက်လာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သူတိုင်း၊ ငါ့စကားကိုနာယူတတ်သည်ဟု ပြန်၍မိန့်တော်မူရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:37
26 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သူ့​ကို​လူ​မျိုး​တ​ကာ​တို့​၏​ခေါင်း​ဆောင် ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား​စေ​ပြီး​လျှင်၊ ငါ​၏ တန်​ခိုး​တော် ကို​လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​မည်။


သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။


ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။-


ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။


ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။


ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။


နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။


ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-


သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-


ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-


ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-


သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။-


ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။-


ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။-


ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။


အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-


သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-


သင်​တို့​ထံ​ငါ​စာ​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ သမ္မာ​တ​ရား​ကို​သင်​တို့​မ​သိ​ကြ​၍​မ​ဟုတ်။ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​စ​ကား သည် သမ္မာ​တ​ရား​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင် သည်​ကို​လည်း​ကောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။


ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-


သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-


သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။


ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။


ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-


``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ