ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
ရှင်ယောဟန် 6:40 - Common Language Bible သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။ Garrad Bible ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။ Judson Bible သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။ မြန်မာ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။
ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊ ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည် ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင် ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသော ကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။-
ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။''
ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။-
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။-
ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။-
သင်တို့အဖအာဗြဟံသည်ငါကြွလာ မည့်ခေတ်ကာလနှင့်ကြုံကြိုက်ရမည်ဖြစ် ၍နှစ်ထောင်းအားရ၏။ ထိုခေတ်ကာလနှင့် ကြုံကြိုက်ရသောအခါ၌လည်းရွှင်လန်း ဝမ်းမြောက်၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။-
မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။-
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
ဤကားငါတို့အားခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူသောထာဝရအသက် ပေတည်း။
ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။