ဟေဗြဲ 11:1 - Common Language Bible1 ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible1 ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ထားသောအရာများအပေါ်စိတ်ချမှုရှိခြင်း၊ မမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟုမှတ်ယူခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်သောအရာများကို ရမည်ဟု စိတ်ချပြီး မမြင်သေးသောအရာများကို အမှန်တကယ် ရှိသည်ဟု သိမှတ်ခြင်းပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။