ရှင်ယောဟန် 12:50 - Common Language Bible50 ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။'' အခန်းကိုကြည့်ပါ။Garrad Bible50 ထိုအမိန့်တော်သည် ထာဝရအသက်တည်ရာတည်ကြောင်းဖြစ်သည်ကိုငါသိသဖြင့် ငါမိန့်ဆိုချက်များကို ခမည်းတော်ဗျာဒိတ်ပေးတော်မူသည့်အတိုင်းပင် ငါပြန်ကြားသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible50 ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း50 ခမည်းတော်၏အမိန့်တော်သည် ထာဝရအသက်ဖြစ်ကြောင်းကိုငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့ကို ခမည်းတော်က ငါ့အားမိန့်တော်မူသည့်အတိုင်း ငါဟောပြော၏”ဟု ကြွေးကြော်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း50 ခမည်းတော်၏ အမိန့်တော်သည် ထာဝရအသက်ရစေသည်ကို ငါသိ၏။ ထို့ကြောင့် ခမည်းတော်ဟောပြောစေလိုသည့်အတိုင်း ငါဟောပြော၏” ဟု ကြွေးကြော်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ50 ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။-
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-