ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။
ရှင်ယောဟန် 2:10 - Common Language Bible ``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။ Garrad Bible မင်္ဂလာဆောင်သတို့သားကိုခေါ်လျက် သူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင်စပျစ်ရည်ကောင်းကိုချန်ထားပြီဟု ဆိုလေ၏။ Judson Bible အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။ မြန်မာ အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- |
ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။
မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။-
သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။-
``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။-
သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။-
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-
ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-