Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 2:9 - Common Language Bible

9 ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ပွဲအုပ်လည်း ထိုရေမှဖြစ်သောစပျစ်ရည်ကိုမြည်း၍ မည်သို့ရကြောင်းခပ်ယူ ဆောင်ရွက်သူတို့သိသော်လည်း ကိုယ်တိုင်မသိသဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ပွဲအုပ်​သည် စပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်းစမ်း​၏။ ရေ​ခပ်​ခဲ့​သော​အစေခံ​တို့​သည် ထို​စပျစ်ဝိုင်​ကို အဘယ်က​ရ​သည်​ကို​သိ​ကြ​သော်လည်း ပွဲအုပ်​သည် မ​သိ​သဖြင့် သတို့သား​ကို​ခေါ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ပွဲအုပ်​သည် စပျစ်ဝိုင်​အဖြစ်​ပြောင်းလဲသွားသော ရေ​ကို မြည်းစမ်းကြည့်၏။ အစေခံများ​သည် စပျစ်ဝိုင်​ကို အဘယ်​မှ​ရကြောင်း သိကြ​သော်လည်း ပွဲအုပ်​သည် မသိ။ ထို့ကြောင့် သူ​သည် သတို့သား​ကို ခေါ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 2:9
6 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကိုယ်​တော်​သည်​ရေ​ကို​စ​ပျစ်​ရည်​ဖြစ် စေ​တော်​မူ​ခဲ့​ရာ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​မြို့​၌​အ​စိုး​ရ​အ​ရာ ရှိ​တစ်​ဦး​ရှိ​၏။ သူ​၏​သား​သည်​က​ပေ​ရ​နောင် မြို့​တွင်​ဖျား​နာ​လျက်​နေ​၏။-


ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-


ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။


သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။


သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။


ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ