ကမ္ဘာဦး 43:34 - Common Language Bible34 ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible34 သူ တို့ အ ဖို့ ခဲ ဖွယ် စား ဖွယ် များ ကို ယော သပ် ရှေ့ မှ ယူ သွား စေ ရာ ဗင်္ယာ မိန် အ ဖို့ ထည့် ပေး လိုက် သော ခဲ ဖွယ် စား ဖွယ် ကား၊ အ သီး အ သီး တို့ ထက် ငါး ဆ များ သ တည်း။ ယော သပ် နှင့် အ တူ စား သောက် ပျော် ပါး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible34 ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။ အခန်းကိုကြည့်ပါ။ |
လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။