ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။
ရှင်ယောဟန် 18:6 - Common Language Bible ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။- Garrad Bible ငါပင်ဖြစ်သည်ဟု မိန့်တော်မူသည်နှင့် ထိုသူတို့ဆုတ်ခွာဝပ်လျှိုးကြသောကြောင့်၊ Judson Bible ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်က“ငါဖြစ်သည်”ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ငါသည် ထိုသူဖြစ်သည်” ဟု ယေရှုမိန့်တော်မူသောအခါ သူတို့အားလုံးသည် နောက်သို့ဆုတ်၍ မြေပေါ်သို့ လဲကြ၏။ မြန်မာ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- |
ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။
ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။ ကိုယ်တော်က ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုမိန့် တော်မူ၏။ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူယုဒ သည်လည်းထိုသူတို့နှင့်အတူရပ်လျက်နေ၏။-
သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။