ရှင်ယောဟန် 18:5 - Common Language Bible5 ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။ ကိုယ်တော်က ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုမိန့် တော်မူ၏။ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူယုဒ သည်လည်းထိုသူတို့နှင့်အတူရပ်လျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 နာဇရက်မြို့သားယေရှုကိုရှာသည်ဟုပြန်ဆိုကြရာ ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုသူတို့နှင့်အတူရပ်နေစဉ် ယေရှုက ငါပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible5 နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း“ငါဖြစ်သည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသူတို့က “နာဇရက်မြို့သားယေရှုကို ရှာကြသည်” ဟု ဆိုကြ၏။ ယေရှုက “ငါသည် ထိုသူပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။ ယေရှုကို သစ္စာဖောက်သောယုဒသည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ5 နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။