Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 27:2 - Common Language Bible

2 ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ငါ့ ရန် ဘက် ငါ့ ရန် သူ ဖြစ် သော လူ ဆိုး တို့ သည်၊ ငါ့ အ သား ကို စား ခြင်း ငှာ ချဉ်း ဝင် ကြ သော်၊ ထိ ခိုက် ကျ ဆုံး ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ့​ကို​အ​ငြိုး​ထား​သော ရန်​သူ​လူ​ဆိုး​တို့​သည်၊ ငါ့​အ​သား​ကို​ကိုက်​စား​မည်​ဟု လာ​ကြ​သော​အ​ခါ၊ ခြေ​တိုက်​မိ၍​လဲ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန် ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 27:2
13 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။


ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။


သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်း ဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။


ထာ​ဝ​ရ​ဘု​ရား​က ``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။


သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ ဖျက်​ဆီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏​အ​ပေါ် သို့ လွှမ်း​မိုး​ကြ​၏။


လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။


ဘု​ရား​သ​ခင်​က ``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။ ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။


ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။ သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။


လူ​အ​များ​ပင်​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​သို့​လဲ​ကျ​ကာ​ကျိုး​ပဲ့​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကျော့​ကွင်း တွင်​မိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ