ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။-
ရှင်ယောဟန် 18:14 - Common Language Bible ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။ Garrad Bible ထိုကာယဖကား လူမျိုးတော်အတွက်လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ဟူ၍ ယုဒလူမျိုးတို့အား အကြံပေးဖူးသူတည်း။ Judson Bible ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကယာဖမှာ “လူထုကိုယ်စား လူတစ်ဦးတစ်ယောက်အသေခံခြင်းသည် ပို၍ကောင်းသည်” ဟူ၍ အခြားဂျူးခေါင်းဆောင်များကို အကြံပေးခဲ့သူဖြစ်၏။ မြန်မာ ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ |
ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။-
ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။
ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-