ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
ရှင်ယောဟန် 18:1 - Common Language Bible ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။- Garrad Bible ထိုသို့ ယေရှုလျှောက်ဆိုတော်မူပြီးသော် တပည့်တော်တို့နှင့်တကွထွက်၍ ကေဒြုန်ချောင်းတစ်ဘက်ရှိ ဥယျာဉ်သို့ကြွဝင်တော်မူ၏။ Judson Bible ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချိုင့်ဝှမ်းကို ဖြတ်၍ တစ်ဖက်တွင် ရှိသောဥယျာဉ်သို့ ကြွတော်မူ၏။ မြန်မာ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- |
ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။-
ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။
မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-
အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။-
အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။-
ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
သူတို့သည်ယေရုရှလင်မြို့ရှိယဇ်များပူ ဇော်ရာနှင့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ရှိ သမျှကိုယူ၍ကေဒြုန်ချိုင့်ဝှမ်းထဲသို့ပစ် ချလိုက်ကြ၏။ လဆန်းတစ်ဆယ့်လေးရက် နေ့၌သူတို့သည် ပသခါယဇ်ပူဇော်ရန် အတွက်သိုးများကိုသတ်ကြလေသည်။-
ငါသည်ကေဒြုန်ချိုင့်ဝှမ်းထဲသို့ဆင်း၍ မြည်းစီးပြီးလျှင်မြို့ရိုးကိုစစ်ဆေး ကြည့်ရှု၏။ ထိုနောက်လာလမ်းအတိုင်း ပြန်ပြီးလျှင်ချိုင့်ဝှမ်းတံခါးမှနေ၍ မြို့ထဲသို့ဝင်၏။
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊-
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။
ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊-
လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။
သူသည်ကျွန်ုပ်တို့ထံသို့လာ၍ပေါလု၏ခါးပန်း ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကိုချည် နှောင်လေ၏။ ထိုနောက် ``ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့ကယေရုရှလင်မြို့တွင် ဤသို့ချည်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်ဟုသန့်ရှင်းသောဝိညာဉ် တော်မိန့်တော်မူသည်'' ဟုဆိုလေ၏။