ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေကို ခံသူအပေါင်းနှင့် ဥပဒေသတော်တို့ကိုကင့်သုံးစောင့်ထိန်းသူ အပေါင်းတို့၏မိတ်ဆွေဖြစ်ပါ၏။
ရှင်ယောဟန် 13:34 - Common Language Bible အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။- Garrad Bible အချင်းချင်းချစ်ကြလော့ ဟူသောပညတ်တော်သစ်ကို သင်တို့အားငါပေး၏။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူပင် သင်တို့လည်းအချင်းချင်းချစ်ကြလော့။ Judson Bible သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။ မြန်မာ သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။- |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေကို ခံသူအပေါင်းနှင့် ဥပဒေသတော်တို့ကိုကင့်သုံးစောင့်ထိန်းသူ အပေါင်းတို့၏မိတ်ဆွေဖြစ်ပါ၏။
ထာဝရဘုရားကိုသစ္စာစောင့်သောလူစု တော်သည် ထူးမြတ်လှပါသည်တကား။ ငါ၏အနှစ်သက်ဆုံးအရာသည်ထိုသူတို့ နှင့်အတူ နေထိုင်ခွင့်ပင်ဖြစ်ပါ၏။
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော် သည်အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည် လည်းကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ် ကိုကိုယ်တော်စေလွှတ်တော်မူကြောင်းကိုလောက သားတို့ယုံကြည်ကြစေရန် ထိုသူတို့ကိုတစ် လုံးတစ်ဝတည်းဖြစ်စေတော်မူပါ။-
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-
အိမ်နီးချင်းကိုချစ်သောသူသည်အိမ်နီးချင်း အား မည်သည့်အခါ၌မျှအကျိုးယုတ်စေလိမ့် မည်မဟုတ်။ သို့ဖြစ်၍အိမ်နီးချင်းကိုချစ်သော သူသည်ပညတ်တရားအားလုံးကိုစောင့်ထိန်း ရာရောက်၏။
အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။-
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။-
မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။-
သင်တို့သည်``သင်၏အိမ်နီးချင်းကိုကိုယ်နှင့် အမျှချစ်လော့'' ဟုကျမ်းစာတော်တွင်ဖော် ပြပါရှိသည့်ရွှေပညတ်တော်ကိုစောင့်ထိန်း လျှင်သင့်လျော်ပေ၏။-
သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
ဘုရားဝတ်၌မွေ့လျော်ခြင်းကိုညီအစ်ကို စုံမက်ခြင်းဖြင့်လည်းကောင်း၊ ညီအစ်ကိုစုံမက် ခြင်းကိုချစ်ခြင်းမေတ္တာဖြင့်လည်းကောင်းထပ် လောင်းဖြည့်စွက်ပေးရန်အစွမ်းကုန်ကြိုးစား ကြလော့။-
``ငါတို့သည်အချင်းချင်းချစ်ရကြမည်'' ဟူ သောတရားတော်ကိုရှေးမဆွကပင်လျှင် သင်တို့ကြားနာခဲ့ရကြ၏။-
ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
ငါတို့အားခရစ်တော်ပေးတော်မူသောပညတ် တော်ကား``ဘုရားသခင်ကိုချစ်သောသူသည် ညီအစ်ကိုကိုလည်းချစ်ရမည်'' ဟူ၍ဖြစ် သတည်း။
သို့ဖြစ်၍ချစ်သောအမျိုးသမီးကြီး၊ ငါတို့ အချင်းချင်းချစ်ကြရန်သင့်အားငါတောင်း ပန်၏။ ဤပညတ်ကားအသစ်အဆန်းမဟုတ်။ အစကတည်းကပင်လျှင်ငါတို့ရရှိသည့် ပညတ်ဖြစ်ပေသည်။-