Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယော 3:11 - Common Language Bible

11 ``ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်'' ဟူ သော​တ​ရား​တော်​ကို​ရှေး​မ​ဆွ​က​ပင်​လျှင် သင်​တို့​ကြား​နာ​ခဲ့​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ စ အ ဦး က သင် တို့ ကြား နာ ခဲ့ ရာ ဗျာ ဒိတ် တော် မှာ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ရ မည် ဟူ ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11-12 သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ရ​မည်​ဟူသော ဤ​သတင်း​စကား​သည် အစအဦး​ကပင် သင်​တို့​ကြားနာ​ရ​သော​သတင်းစကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 “ကျွန်ုပ်တို့​အချင်းချင်း ချစ်ကြရမည်” ဟူသော ဤ​တရားစကား​သည် အစဦး​ကပင် သင်တို့ ကြားခဲ့ရသော​အရာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:11
16 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။-


ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။-


အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-


ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။


ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-


ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-


သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-


နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-


အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။-


ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။-


ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။-


ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။


ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။-


သို့​ဖြစ်​၍​ချစ်​သော​အ​မျိုး​သ​မီး​ကြီး၊ ငါ​တို့ အ​ချင်း​ချင်း​ချစ်​ကြ​ရန်​သင့်​အား​ငါ​တောင်း ပန်​၏။ ဤ​ပညတ်​ကား​အ​သစ်​အ​ဆန်း​မ​ဟုတ်။ အ​စ​က​တည်း​က​ပင်​လျှင်​ငါ​တို့​ရ​ရှိ​သည့် ပ​ညတ်​ဖြစ်​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ