ယောသပ်အဝေး၌ရှိစဉ်ပင်အစ်ကိုတို့သည် သူ့ကိုမြင်လျှင် သူ့အားသတ်ပစ်ရန်တိုင်ပင် ကြ၏။-
ရှင်ယောဟန် 11:53 - Common Language Bible ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။- Garrad Bible သို့နှင့်အညီ ထိုနေ့ကစ၍ ကိုယ်တော်ကိုကွပ်မျက်ရန်တိုင်ပင်ကြ၏။ Judson Bible ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်မှစ၍ ဂျူးခေါင်းဆောင်တို့သည် ယေရှုကို သတ်ရန် ကြံစည်ကြ၏။ မြန်မာ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- |
ယောသပ်အဝေး၌ရှိစဉ်ပင်အစ်ကိုတို့သည် သူ့ကိုမြင်လျှင် သူ့အားသတ်ပစ်ရန်တိုင်ပင် ကြ၏။-
ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။-
ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
ကျွန်တော်မျိုး၏ရန်သူများသည်ကျွန်တော် မျိုးအား သတ်လိုကြသဖြင့်ဆွေးနွေးကြံစည်ကြ ပါ၏။
ငါက``အကယ်၍အကျွန်ုပ်သည်မှန်ရာကို လျှောက်ထားပါမူ အရှင်သည်အကျွန်ုပ်အား ကွပ်မျက်ပါလိမ့်မည်။ အကျွန်ုပ်အကြံပေး လျှင်လည်းအရှင်ပမာဏပြုတော်မူလိမ့် မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။
သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။
ထိုအခါကိုယ်တော်အားမည်သူမျှအဖြေမပေး နိုင်ကြ။ ထိုနေ့မှစ၍မည်သူမျှကိုယ်တော်အား နောက်ထပ်မမေးမြန်းဝံ့တော့ပေ။
သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။-
ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။-
လာဇရုကိုအကြောင်းပြု၍ယုဒအမျိုး သားအများပင်ယဇ်ပုရောဟိတ်ကြီးများကို မဆည်းကပ်ကြတော့ဘဲ သခင်ယေရှုကိုယုံ ကြည်ဆည်းကပ်လာကြ၏။ သို့ဖြစ်၍ယဇ်ပု ရောဟိတ်ကြီးတို့သည်လာဇရုကိုလည်း သတ်ရန်ကြံစည်ကြ၏။
ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။-