Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:53 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

53 ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

53 ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

53 သို့နှင့်အညီ ထိုနေ့ကစ၍ ကိုယ်တော်ကိုကွပ်မျက်ရန်တိုင်ပင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

53 ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

53 ထို​အချိန်​မှ​စ​၍ ဂျူးခေါင်းဆောင်တို့​သည် ယေရှု​ကို သတ်​ရန် ကြံစည်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

53 ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:53
22 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက်


ထို့ကြောင့် ငါ​က သူ​တို့​အား “​သင်​တို့​သည် အဘယ်ကြောင့် မြို့ရိုး​ရှေ့​တွင် ညအိပ်​ကြ​သနည်း​။ ထိုသို့ ထပ်၍​ပြု​လျှင် သင်​တို့​ကို ဖမ်း​မည်​”ဟု သတိပေး​၏​။ ထို​အချိန်​မှစ၍ ဥပုသ်နေ့​တွင် သူ​တို့​မ​လာ​တော့​ချေ​။


ထို​နေ့​မှစ၍ ငါ​တို့​သည် လူ​တစ်ဝက်​အလုပ်​လုပ်​ပြီး ကျန်​တစ်ဝက်​မှာ သံချပ်အင်္ကျီ​ဝတ်​လျက် လှံ​၊ ဒိုင်းလွှား​၊ လေး​လက်နက်​တို့​နှင့်တကွ ကင်းစောင့်​ကြ​၏​။ အကြီးအကဲ​တို့​က​လည်း ယုဒ​အမျိုးသား​အပေါင်း​တို့​ကို နောက်တန်း​မှ​ထောက်မ​ပေး​ကြ​၏​။


ထာဝရဘုရား​၏​နာမ​တော်​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​ပါစေသော​။


ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်


အကြောင်းမူကား “​ပတ်လည်​၌​ကြောက်လန့်စရာ​ရှိ​၏​”​ဟူသည့် များစွာ​သော​သူ​တို့​၏​ရှုတ်ချသောစကား​ကို အကျွန်ုပ်​ကြား​ရ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌ အတူတကွ​စုဝေး​ကြ​သောအခါ အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ကြံဆ​ကြ​ပါ​၏​။


အကြောင်းမူကား အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်​ကို စောင့်ကြည့်​နေ​သော​သူ​တို့​သည်​လည်း အတူတကွ​လျှို့ဝှက်ကြံစည်​ကြ​လျက်


ယေရမိ​က​လည်း ဇေဒကိ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ အကျွန်ုပ်​ဖြေ​လျှင် စင်စစ် အကျွန်ုပ်​ကို မ​သတ်​ဘဲ​နေ​မည်လော​။ အကျွန်ုပ်​အကြံပေး​လျှင်​လည်း အကျွန်ုပ်​၏​စကား​ကို အရှင်မင်းကြီး နားထောင်​မည်​မ​ဟုတ်​ပါ​”​ဟု လျှောက်​လေ​၏​။


ထိုအခါ မှူးမတ်​တို့​က ရှင်ဘုရင်​အား “​ဤ​သူ သေ​သင့်​ပါ​၏​။ သူ​ပြော​သော​စကား​အားဖြင့် ဤ​မြို့​၌​ကျန်ခဲ့​သော စစ်သည်​တို့​နှင့်​လူ​အပေါင်း​တို့​ကို စိတ်အားလျော့​စေ​ပါ​ပြီ​။ သူ​သည် ဤ​လူမျိုး​ငြိမ်းချမ်း​ဖို့​ထက် ဘေးအန္တရာယ်​ပြု​ဖို့​ကို​သာ ရှာကြံ​ပါ​ပြီ​”​ဟု လျှောက်​ကြ​၏​။


ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။


ထိုအခါ ကိုယ်တော်​ကို စကား​တစ်​ခွန်း​ပြန်​လျှောက်​ရန်​ပင် မည်သူမျှ မ​တတ်နိုင်​ကြ။ ထို​နေ့​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။


ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။


ပသခါ​ပွဲတော်​နှင့် တဆေးမဲ့​မုန့်​ပွဲတော်​များ​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ယေရှု​ကို ပရိယာယ်​အားဖြင့် မည်ကဲ့သို့​ဖမ်းဆီး​သတ်ဖြတ်​ရ​မည်​ကို ရှာကြံ​နေ​ကြ​၏။


ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း ဟေရုဒ်​၏​လူ​များ​နှင့် ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။


ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။


ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။


သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။


ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ