ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
ရှင်ယောဟန် 11:10 - Common Language Bible ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။- Garrad Bible ညဉ့်အခါတွင်သွားလာလျှင်မူကား သူ၌အလင်းမရှိသောကြောင့်တိုက်လဲတတ်သည်ဟု ပြန်၍မိန့်တော်မူ၏။ Judson Bible ညအချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ညအချိန်၌သွားလာလျှင် သူ၌အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညအချိန်တွင် သွားလာလျှင်မူ သူ၌ အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏” ဟု မိန့်တော်မူ၏။ မြန်မာ ညအချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊- |
ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-