ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
ရှင်ယောဟန် 1:16 - Common Language Bible ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။- Garrad Bible ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။ Judson Bible ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။ မြန်မာ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- |
ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။
အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။
ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။
ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။
ဘုရားသခင်၏အလိုတော်အရ၊ သားတော် သည်ဘုရားဇာတိကိုအပြည့်အဝခံယူ တော်မူ၏။-
ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-