ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
ရှင်မာကု 8:35 - Common Language Bible မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။- Garrad Bible ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် နှင့် သ တင်း တော် မြတ် အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် ကို ကယ် လိမ့် မည်။ Judson Bible အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် သတင်းကောင်းအတွက်ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။ မြန်မာ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- |
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
မိမိအသက်လုံခြုံမှုရရှိရန်ကြိုးပမ်းသူ သည်အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသူသည်မိမိအသက်လုံခြုံ မှုရရှိလိမ့်မည်။
မိမိအသက်ကိုကယ်လိုသူသည်အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ၏အတွက်အသက်ဆုံးရှုံးရသူသည် အသက်ကိုရလိမ့်မည်။-
ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။-
မိမိအသက်ကိုကယ်ဆယ်လိုသူသည်အသက် ဆုံးရှုံးရလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံး သူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
သို့ဖြစ်၍ငါတို့သခင်ဘုရား၏အကြောင်း တော်ကိုသက်သေခံရန်မရှက်နှင့်။ ခရစ်တော် အတွက်အကျဉ်းသားဖြစ်သူငါ၏အတွက် လည်းမရှက်နှင့်။ ဘုရားသခင်ထံမှခွန်အား ကိုရရှိသည်အတိုင်းသတင်းကောင်းအတွက် ငါနှင့်အတူဒုက္ခခံလော့။-
အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။ အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။-
ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-