Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:35 - Common Language Bible

35 အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 အ ချို့ တို့ သည် သေ ခြင်း မှ ရှင် ပြန် ထ မြောက်၍ ညာ တိ ကာ မ တို့ ထံ ပြန် ရောက် ရာ အ ချို့ တို့ သည် လွန် မြတ် သော ရှင် ပြန် ထ မြောက် ခွင့် ကို ရ စေ ရန် ဘေး လွတ် ခွင့် မ ယူ ဘဲ ချိုး ဖဲ့ ဒဏ် ခံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 အချို့​အမျိုးသမီးများ​သည် မိမိတို့​၏ ဆွေမျိုးများ သေရာ​မှ ထမြောက်လာ​သောကြောင့် သူတို့​ကို ပြန်လည်​ရရှိကြ၏။ အချို့​လူတို့​သည် ပိုမို​မွန်မြတ်သော​ဘဝ​သို့ ထမြောက်​လို​သဖြင့် လွတ်မြောက်ခွင့်​ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်း​ကို ခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:35
17 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ​သော အ​ခါ​ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ပြီ။ သူ တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ လိမ့်​မည်။-


လူ​တို့​သည်​သေ​ခြင်း​မှ​ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ဘဲ ကောင်း​ကင် ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​လိမ့် မည်။-


သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။


အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။


သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။


သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။


အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-


သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-


ပေ​တ​ရု​သည်​လက်​ကို​ကမ်း​ပေး​ပြီး​လျှင်​ထို အ​မျိုး​သ​မီး​ကို​ဆွဲ​ထူ​လိုက်​၏။ ထို​နောက် မု​ဆိုး​မ​များ​အ​ပါ​အ​ဝင်​ယုံ​ကြည်​သူ​များ ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​ဒေါ်​ကာ ကို​ပေး​အပ်​၏။-


ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။


သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ