သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
ရောမ 16:3 - Common Language Bible ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။- Garrad Bible ခ ရစ် တော် ယေ ရှု၌ ငါ့ လုပ် ဘော် ဆောင် ဘက် ပြစ် က နှင့် အာ ကု လ တို့ ကို နှုတ် ဆက် ကြ လော့။ Judson Bible ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။ |
သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။-
သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။-
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-)
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
သို့သော်ထိုအချိန်ကယုဒပြည်ရှိခရစ်ယာန် အသင်းတော်ဝင်အပေါင်းတို့သည် ငါနှင့်တွေ့ဆုံ သိကျွမ်းခွင့်ကိုမရကြသေး။-
ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
ပြစ်ကိလနှင့်အာကုလမှစ၍သြနေသိဖော် ၏အိမ်ထောင်စုအားနှုတ်ဆက်လိုက်၏။-