ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊-
ယေရမိ 9:3 - Common Language Bible သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ တို့ သည် မု သာ သုံး ရန် ကိုယ့် လျှာ ကို လေး သ ဖွယ် တင် လျက်၊ နေ ပြည် တွင် သ စ္စာ မဲ့ တန် ခိုး ကြီး ကြ၏။ အ ဆိုး ထက် အ ဆိုး ကို ပြု မြဲ ပြု လျက်၊ ငါ့ ကို မ သိ မ ကျွမ်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသားနှင့်တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊-
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
လူတို့၏ယုတ်မာမှုသည် ဆူးပင်အမျိုးမျိုး ကိုကျွမ်းလောင်စေသည့်မီးကဲ့သို့တောက် လောင်တတ်၏။ တောမီးကဲ့သို့တောက်လောင်၍ မီးခိုးလုံးကြီးများကိုတက်စေတတ်၏။-
သင်၏အိမ်ထောင်စုသားများ၊သင့်ညီအစ်ကို များ ပင်လျှင်သင့်အားသစ္စာဖောက်ကြလေပြီ။ သူတို့သည်သင်၏တစ်ဘက်မှဝင်၍သင့်အား အော်ဟစ်နေကြ၏။ သူတို့သည်သင့်အားနှုတ်ချိုစွာပြောသော်လည်း သူတို့ကိုသင်မယုံနှင့်'' ဟုမိန့်တော်မူ၏။
သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
သူတို့အားလုံးပင်ခေါင်းမာသည့်သူပုန် များဖြစ်ကြ၏။ သူတို့သည်ကြေးဝါကဲ့ သို့လည်းကောင်း၊ သံကဲ့သို့လည်းကောင်းမာ ကြောကြ၏။ သူတို့သည်လှည့်လည်သွားလာ ၍ကုန်းချောတတ်ကြ၏။ အကျင့်ပျက်သူ များဖြစ်ကြ၏။-
သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။ သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။ အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။ သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။ လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်း စင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။
ထိုနောက်ထာဝရဘုရားက``သူတို့သည်ဤထက်ပိုမိုစက်ဆုပ်ဖွယ်ကောင်းသောအမှုများပြုကြသည်ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူပြီးလျှင်၊-
ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။-
``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။ သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။ မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။
အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။-
ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-
ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-