ဖိလိပ္ပိ 1:28 - Common Language Bible28 သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။- အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 သင်တို့ကို ဆန့်ကျင်သောသူများကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့မကြောက်ရွံခြင်းသည် သူတို့အတွက် ပျက်စီးမည့်လက္ခဏာဖြစ်ပြီး သင်တို့အတွက်မူ ဘုရားသခင်ကိုယ်တိုင် ကယ်တင်မည့်လက္ခဏာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-