သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
ယေရမိ 9:2 - Common Language Bible ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။ Garrad Bible သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ သ စ္စာ ဖျက် သော အ သင်း အ ပင်း ဖြစ် သူ၊ ငါ၏ အ မျိုး သား ချင်း တို့ ကို စွန့် ၍ ထွက် သွား ရ အံ့ သော ငှာ၊ တော၌ ခ ရီး သည် တို့ စား ခန်း ကို ငါ တွေ့ ပါ ရ စေ။ Judson Bible ငါသည် ငါ၏လူမျိုးကိုစွန့်၍ ထွက်သွားနိုင်အောင် တော၌ တဲစခန်းရှိပါစေသော။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသောသူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။ |
သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
သင်၏အိမ်ထောင်စုသားများ၊သင့်ညီအစ်ကို များ ပင်လျှင်သင့်အားသစ္စာဖောက်ကြလေပြီ။ သူတို့သည်သင်၏တစ်ဘက်မှဝင်၍သင့်အား အော်ဟစ်နေကြ၏။ သူတို့သည်သင့်အားနှုတ်ချိုစွာပြောသော်လည်း သူတို့ကိုသင်မယုံနှင့်'' ဟုမိန့်တော်မူ၏။
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
ဣသရေလနှင့်ယုဒပြည်သားတို့သည်ငါ့အားလုံးဝသစ္စာဖောက်ကြလေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့သည်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဟုဆိုကြသော်လည်း သင်တို့သည်မဟုတ်မမှန်ကျိန်ဆိုကြ၏။
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။''
``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။-
သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။-
ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။