| ယေရမိ 12:1 - Common Language Bible1 အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။အခန်းကိုကြည့်ပါ။ Garrad Bible1 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ရှေ့ အ ကျွန်ုပ် လဲ လျှောက် သည့် ကာ လ၊ ဖြောင့် မတ် တော် မူ သော် လည်း၊ ဆုံး ဖြတ် တော် မူ ချက် များ နှင့် စပ် လျဉ်း၍ ဆွေး နွေး ရ မည် မှာ လူ ဆိုး တို့ သည်၊ အ ဘယ့် ကြောင့် အ ကြံ မြောက် ရ ပါ သ နည်း။ သ စ္စာ ဖျက်၍ ဖောက် ကျော် သူ အ ပေါင်း တို့ သည်၊ အ ဘယ့် ကြောင့် ချမ်း သာ ရ ကြ ပါ သ နည်း။အခန်းကိုကြည့်ပါ။ Judson Bible1 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကိုဆွေးနွေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါသနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း1 အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။အခန်းကိုကြည့်ပါ။ | 
အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက ``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။ သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။ အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊ နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။