ယေရမိ 5:11 - Common Language Bible11 ဣသရေလနှင့်ယုဒပြည်သားတို့သည်ငါ့အားလုံးဝသစ္စာဖောက်ကြလေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည် ငါ့ အား မု ချ သ စ္စာ ဖျက် သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ခံဖူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အကယ်စင်စစ် အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့ကို သစ္စာမဲ့ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။-
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။