ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
ယေရမိ 49:7 - Common Language Bible တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။- Garrad Bible ဧ ဒုံ ပြည် အ ကြောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ တေ မန် နယ် တွင် ဉာဏ် ပ ညာ ဆုံး ပါး ပြီ လော။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ တို့ ၌၊ အ ကြံ အ စည် ပ ညာ ပျက် ၍ ဉာဏ် ပ ညာ ကွယ် ပြီ လော။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန်ပြည်၌ ပညာကုန်သလော။ ပညာသတိရှိသော သူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။ မြန်မာ့စံမီသမ္မာကျမ်း ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။ |
ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သို့ဖြစ်၍ဧဒုံပြည်သူတို့အတွက်ငါပြု လုပ်ထားသည့်အကြံအစည်ကိုလည်းကောင်း၊ တေမန်မြို့သူမြို့သားတို့အတွက်ငါကြံ စည်ထားသည့်အမှုအရာကိုလည်းကောင်း နားထောင်ကြလော့။ ရန်သူသည်သူတို့၏ သားသမီးများကိုပင်လျှင်ဒယဥ့်တိုက် ဆွဲ၍ခေါ်ဆောင်သွားလိမ့်မည်။-
သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။
ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
``အီဂျစ်ပြည်သည်သဲကန္တာရဖြစ်၍ဧဒုံ ပြည်သည် ပျက်စီးယိုယွင်း၍လူသူကင်းမဲ့သည့် နေရာဖြစ်နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုပြည်တို့သည် ယုဒပြည်ကိုတိုက်ခိုက်၍၊ အပြစ်မဲ့သူတို့အားသတ်ဖြတ်ခဲ့ကြသော ကြောင့်ဖြစ်၏။
``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-