ဟေရှာယ 21:11 - Common Language Bible11 ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဒု မာ ပြည် ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား၊ အို မြို့ စောင့်၊ ညဉ့် အ ချိန် မည် မျှ နည်း။ အို မြို့ စောင့်၊ ညဉ့် အ ချိန် မည် သို့ နည်း ဟု၊ စိ ရ တောင် ပေါ် မှ ဟစ် သံ သည် ငါ့ ထံ သို့ ရောက် လာ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible11 ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း”ဟု စိရတောင်ပေါ်မှနေ၍ ငါ့ကိုဟစ်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။ |