ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
ယေရမိ 48:44 - Common Language Bible ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။- Garrad Bible ကြောက် မက် ဖွယ် ဘေး မှ ပြေး သူ သည်၊ တွင်း သို့ ကျ ခြင်း၊ တွင်း ကျ မှ လွတ် သူ သည်၊ ညွှတ် ကွင်း ၌ မိ ခြင်း ခံ ရ လိမ့် မည်။ မော ဘ ပြည် ပေါ် သို့ ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ ကို ရောက် စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကို မောဘပြည်သို့ ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။ |
ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။ ဗင်္ဟာဒဒ်သည်လည်းမြို့ထဲသို့ဝင်ပြေးပြီးလျှင် အိမ်တစ်အိမ်ရှိအတွင်းခန်းတစ်ခုတွင်ပုန်း အောင်း၍နေ၏။-
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
အို ကမ္ဘာသူကမ္ဘာသားတို့၊ ထိတ်လန့်ဖွယ်ရာ ဘေးဥပဒ်များ၊ မြေတွင်းများနှင့်ကျော့ကွင်း များသည်သင်တို့အားစောင့်မျှော်လျက်နေ ကြ၏။-
ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ထာဝရဘုရားသည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ ယင်းတို့ကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။
အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
စစ်သည်တပ်သားအပေါင်းကိုသတ်ဖြတ်ကြ လော့။ အစုလိုက်အပြုံလိုက်သတ်ကြလော့။ ဗာဗုလုန်ပြည်သားတို့သည်အမင်္ဂလာရှိ ကြ၏။ သူတို့အပြစ်ဒဏ်ခံရမည့်နေ့ရက် ကာလသည်ကျရောက်လာလေပြီ'' ဟု မိန့်တော်မူ၏။
ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုတ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ကိုယ်တော်သည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ၊ ထိုရုပ်တုတို့ကိုသုတ်သင်ဖျက်ဆီးပစ်တော် မူလိမ့်မည်။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-