ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။
လု ယက် ဖျက် ဆီး ပယ် ရှား သံ ကို ဟော ရ နိမ် မြို့ မှ ကြား ရ ၏။
ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာသော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကို ကြားရ၏။
‘ဖျက်ဆီးခံရပြီ။ အကြီးအကျယ်ပျက်စီးလေပြီ’ဟု ဟောရနိမ်မြို့မှ အော်ဟစ်ငိုကြွေးသံကြားရ၏။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ငါသည်မောဘပြည်အတွက်ငိုကျွေး၏။ ပြည် သူတို့သည်ဇောရမြို့ဧဂလတ်ရှလိရှိယ အထိထွက်ပြေးကြ၏။ အချို့သောသူတို့ သည်မျက်ရည်ကျလျက် လုဟိတ်တောင်လမ်း အတိုင်းတက်သွားကြ၏။ အချို့တို့ကမူ ဝမ်းနည်းအော်ဟစ်ငိုကြွေးကာ ဟောရနိမ် မြို့သို့ထွက်ပြေးကြကုန်၏။-
မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-
ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။
ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
``မောဘပြည်သည်ပြိုပျက်၍သွားလေပြီ။ ကလေးသူငယ်တို့အော်ဟစ်သံကို နားထောင်ကြလော့။
လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍ အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
ထာဝရဘုရားက၊ ``ဗာဗုလုန်မြို့၌ငိုကြွေးနေကြသော အသံကိုလည်းကောင်း၊ တိုင်းပြည်ပျက်သဖြင့်ဝမ်းနည်းပူဆွေးကြသော အသံကိုလည်းကောင်းနားထောင်ကြလော့။