Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 48:2 - Common Language Bible

2 မော​ဘ​ပြည်​၏​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​၍ သွား​လေ​ပြီ။ ရန်​သူ​တို့​သည်​ဟေ​ရှ​ဘုန်​မြို့​ကို​သိမ်း​ယူ​၍ မော​ဘ နိုင်​ငံ​ကို​သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​စည်​လျက် ရှိ​၏။ မာ​ဒ​မေ​န​မြို့​သည်​ဆိတ်​ငြိမ်​၍​နေ​လိမ့်​မည်။ စစ်​သည်​တပ်​သား​တို့​သည်​ထို​မြို့​ကို​ချီ​တက် တိုက်​ခိုက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မော ဘ ပြည် ၏ ဘုန်း အ သ ရေ ပ ပြီ။ လူ မျိုး တိမ် ကော စေ ခြင်း ငှာ၊ ချီ တက် ကြ ကုန် အံ့ ဟူ သော မ ကောင်း မှု ကို၊ ဟေ ရှ ဘုန် မြို့ ၌ ပင် ကြံ စည် ကြ လေ ပြီ။ အို မာ ဒ မေ န မြို့။ ဓား ဘေး လိုက် လံ သ ဖြင့်၊ သင် လည်း ဆိတ် ဆိတ် နေ ရ တော့ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မော​ဘ​ပြည်​သည် နောက်​တစ်​ဖန် ဟေ​ရှ​ဘုန်​မြို့၌ မ​ဝါ​ကြွား​ရ။ ရန်​သူ​တို့​က၊ မော​ဘ​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ ပယ်​ရှား​ကြ​ကုန်​အံ့​ဟု၊ ရန်​ပြု​မည့်​အ​ကြံ​နှင့် ကြံ​စည်​ကြ၏။ အို မာ​ဒ​မေ​န​မြို့၊ သင်​သည်​လည်း​ပျက်​စီး​ရ​မည်။ ဓား​ဘေး​သည် သင့်​ကို​လိုက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 မောဘ​ပြည်​သည် ဂုဏ်သရေ​မ​ရှိ​တော့​ပြီ​။ ရန်သူ​တို့​က ‘​လာ​ကြ​။ မောဘ​ပြည်​ကို တိုင်းနိုင်ငံ​အဖြစ်​မှ ငါ​တို့​ဖယ်ရှား​ကြ​စို့​’​ဟု ဟေရှဘုန်​မြို့​တွင်ပင် မောဘ​ပြည်​ကို ကြံစည်​ကြ​ပြီ​။ အို မာဒမေန​မြို့​၊ သင်​သည်​လည်း ဆိတ်ညံ​ရ​လိမ့်မည်​။ ဓား​သည် သင့်​ကို​လိုက်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 48:2
20 ပူးပေါင်းရင်းမြစ်များ  

ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-


ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-


ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သုံး​နှစ်​တိ တိ​ရှိ​သော​အ​ခါ မော​ဘ​ပြည်​၏​စည်း​စိမ်​ဥစ္စာ များ​သည်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ မြောက် မြား​စွာ​သော​ပြည်​သူ​တို့​အ​နက်​မှ​လူ အ​နည်း​ငယ်​သာ​လျှင် အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လည်း​အား​အင် ချည့်​နဲ့​၍​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ငါ​၏ အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ​သည့်​ဤ​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ငါ့​ထံ​မှ​ယူ​၍ သင့်​အား ငါ​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​တ​ကာ​တို့ ကို​တိုက်​ခိုက်​လော့။-


သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​မှ​ခွက်​ဖ​လား​ကို​ယူ​၍ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​အ​ပေါင်း တို့​အား​အ​မျက်​တော်​ရည်​ကို​တိုက်​၏။-


ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​အား သ​ဘာ​ဝ​ဋ္ဌမ္မ​တည်​ရှိ​သ​ရွေ့​ကာ​လ​ပတ် လုံး တည်​စေ​ရန်​က​တိ​ပြု​တော်​မူ​၏။


ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊ အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့ `တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက် ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။


မော​ဘ​ပြည်​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​သ​ဖြင့် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကာ​နိုင်​ငံ တစ်​ခု​အ​နေ​ဖြင့်​တည်​ရှိ​တော့​မည်​မ​ဟုတ်။-


ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-


ဟေ​ရှ​ဘုန်​မြို့​သား​တို့​ငို​ကြွေး​ကြ​လော့။ သင်​တို့​၏​အာ​ဣ​မြို့​သည်​ပျက်​စီး​သွား​လေ ပြီ။ ရဗ္ဗာ​မြို့​သူ​တို့၊ ဝမ်း​နည်း​ကြွေ​ကွဲ​မှု​ကို​ပြ ကြ​လော့။ လျှော်​တေ​ကို​ဝတ်​၍​ဝမ်း​နည်း​ကြေ ကွဲ​မှု​ကို​ပြ​ကြ​လော့။ က​ယောင်​ချောက်​ချား ပြေး​လွှား​ကြ​လော့။ သင်​တို့​၏​မိ​လ​ကုံ​ဘု​ရား သည်​သူ​၏​ယဇ်​ပု​ရော​ဟိတ်​များ၊ မင်း​သား များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ​လိမ့်​မည်။-


ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-


ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ