ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
ယေရမိ 48:11 - Common Language Bible ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။ Garrad Bible မော ဘ သည် သုံ့ ပန်း သိမ်း သွား မ ခံ ရ ဘဲ၊ ငယ် က တည်း က ပင် ချမ်း သာ ခံ စား လျက်၊ တစ် မြူ မှ တစ် မြူ သို့ မ ပြောင်း ရ ဘဲ၊ လက် ဟောင်း စ ပျစ် ရည် သ ဖွယ်၊ ငြိမ် ဆိမ့် လျက် နေ ရ သည့် အ တွက်၊ အ ရ သာ တည် မြဲ၍၊ ရ နံ့ လည်း မ ပြယ် ချေ။ Judson Bible မောဘသည် အိုးတစ်လုံးမှတစ်လုံးသို့ မပြောင်း၊ တစ်ကျွန်းတစ်နိုင်ငံသို့ ယူသွားခြင်းကို မခံ၊ ငယ်သောအရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည်နေ၏။ မွှေးသောအနံ့လည်း မပျက်။ မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။ |
ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား ပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည် ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-
သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။-
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။ သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။ သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။
နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
(ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-