ယေရမိ 48:12 - Common Language Bible12 ``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သို့ ဖြစ်၍၊ ထို လူ မျိုး ကို စောင်း ငှဲ့ ခြင်း၊ မြူ များ ကို မှောက် လှန် ခြင်း၊ အိုး များ ကို ခွဲ ဖျက် ခြင်း ပြု ရန်၊ စောင့် ငှဲ့ အံ့ သူ တို့ ကို၊ ငါ စေ လွှတ် သည့် နေ့ ရက် ကာ လ ရောက် လ တ္တံ့ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရသော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကိုစောင်း၍ထားပြီးလျှင်၊ သူ၏အိုးတို့ကို သွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ထာဝရဘုရားက “ကြည့်ရှုလော့။ မောဘပြည်အား သွန်ပစ်မည့်သူများကို ငါစေလွှတ်သောနေ့ရက် ရောက်လာမည်။ သူတို့သည် မောဘပြည်ကို သွန်ပစ်ကြမည်။ အိုးတို့ကို မှောက်ပစ်ကြမည်။ ဘူးများကိုလည်း ရိုက်ခွဲကြမည်။ အခန်းကိုကြည့်ပါ။ |
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-