ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
ယေရမိ 41:5 - Common Language Bible ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။- Garrad Bible မုတ် ဆိတ် ရိတ် ခြင်း၊ အ ဝတ် ဆုတ် ခြင်း၊ ကိုယ် ကို ထိ ရှ ခြင်း ပြု ပြီး သော၊ ရှေ ခင်၊ ရှိ လော၊ ရှ မာ ရိ မြို့ သား ရှစ် ကျိပ် တို့ သည်၊ ဗိ မာန် တော် ၌ ဆက် ကပ် ရန် ပူ ဇော် သ က္ကာ နှင့် လော ဗန် စေး များ ကို ဆောင် သွား ကြ စဉ်၊ Judson Bible ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။ |
ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
တစ်နေ့သ၌ယောသပ်၏အစ်ကိုတို့သည်ရှေခင် မြို့အနီးတွင်ဖခင်၏သိုးဆိတ်များကိုကျောင်း နေကြစဉ်၊-
ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်း ထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-
သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။
ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။
ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-
ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။-