ကမ္ဘာဦး 34:2 - Common Language Bible2 ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ၎င်း ပြည် ရှိ မင်း ဟိ ဝိ လူ မျိုး ဟာ မော်၏ သား ရှေ ခင် မြင် လျှင် ဆောင် ယူ အိပ် စက်၍ အ သ ရေ ရှုတ် ချ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။-