စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
ယေရမိ 41:17 - Common Language Bible သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။- Garrad Bible ပြည် ပေါ် တွင်၊ ဗာ ဗု လုန် ဘု ရင် ခန့် ထား ခဲ့ သော၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို၊ နာ သ နိ သား ဣ ရှ မေ လ လုပ် ကြံ သည့် အ တွက်၊ ခါ လ ဒဲ လူ မျိုး တို့ ကို ကြောက် ရွံ့၍၊ အိ ဂျစ် ပြည် သို့ ခို ဝင် ရန် အ ကြံ နှင့်၊ ဗက် လင် မြို့ အ နီး၊ ခိ မ ဟံ စား ခန်း တို့ သို့ သွား ရောက် ရပ် တန့် ကြ ၏။ Judson Bible ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ ပြောင်းမည်အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့ သွား၍နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ဗက်လင်မြို့နားရှိ ဂေရုခိမဟံအရပ်တွင် သွား၍နေထိုင်ကြပြီး ထိုမှတစ်ဆင့် အီဂျစ်ပြည်သို့သွားရန် ကြံရွယ်ကြ၏။ |
စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
ထိုနောက်ငါသည်ဆက်လက်၍``ယုဒပြည်တွင် ကျန်ရှိနေသူသင်တို့အား အီဂျစ်ပြည်သို့ မသွားကြရန်ထာဝရဘုရားမိန့်မှာတော် မူလေပြီ။-
ထိုနောက်ယောဟနန်နှင့်တပ်မှူးအပေါင်း တို့သည် ယုဒပြည်တွင်ကျန်ရှိနေသမျှ သောလူတို့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် သွားကြ၏။ သူတို့သည်နိုင်ငံတကာတွင် ကွဲလွင့်၍နေရာမှ ယုဒပြည်တွင်နေထိုင် ရန်ပြန်လည်ရောက်ရှိလာသူများဖြစ်သည့်၊-
သူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။