ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အပေ"၌ ဒွိဟသဘောရှိသူတို့ကိုမုန်းပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုမူကား နှစ်သက်မြတ်နိုးပါ၏။
ယေရမိ 4:14 - Common Language Bible အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။ Garrad Bible အို ယေ ရု ရှ လင် မြို့၊ ဘေး လွတ် အံ့ သော ငှာ၊ ဆိုး သွမ်း သော စိတ် နှ လုံး ကို ဆေး ကြော လော့။ သင့် အ ထဲ တွင် ဒု စ ရိုက် အ ကြံ အ စည် တည်း ခို သည် မှာ မည် မျှ ကြာ အံ့ နည်း။ Judson Bible အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှကာလပတ်လုံး သင်၏အထဲ၌ တည်နေရမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။ |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အပေ"၌ ဒွိဟသဘောရှိသူတို့ကိုမုန်းပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုမူကား နှစ်သက်မြတ်နိုးပါ၏။
ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
အကယ်၍ငါသည်မိမိ၏အပြစ်များကို လျစ်လူရှု၍နေခဲ့ပါမူ၊ ထာဝရဘုရားသည်ငါ၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူမည်မဟုတ်ပါ။
အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
ကမ္ဘာမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤ လူတို့သည်ငါ့စကားကိုမနာယူ၊ ငါ၏သြ ဝါဒကိုလည်းပစ်ပယ်ကြ၏။ သို့ဖြစ်၍ငါ သည်သူတို့ခံယူထိုက်သည့်ဘေးအန္တရာယ် ဆိုးကိုသူတို့အပေါ်သို့သက်ရောက်စေမည်။-
သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။
ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ထို့အပြင်အခြားကျမ်းစာတော်တစ်ချက် က ``ပညာရှိတို့၏အကြံအစည်သည်အချည်း နှီးဖြစ်ကြောင်းကိုထာဝရဘုရားသိတော် မူ၏'' ဟုဆိုချေသည်။-
ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-