Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 2:22 - Common Language Bible

22 အ​ကယ်​၍​သင်​တို့​သည်​ဆပ်​ပြာ​နှင့်​အ​စွန်း​ချွတ် ဆေး အ​မြောက်​အမြား​ကို​အ​သုံး​ပြု​မည်​ဆို​သော်​လည်း၊ သင်​တို့​၏​အ​ပြစ်​သည်​ငါ​၏​ရှေ့​၌ ထင်​ရှား​လျက်​ပင်​ရှိ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သင် သည် ယမ်း ဆပ် ပြာ ဖြင့် ပွတ်၍ တ ရော် များ စွာ နှင့် လျှော် သော် လည်း၊ ရှေ့ တော်၌ သင်၏ ဒု စ ရိုက် စွန်း လျက် နေ သည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​သည် ပေါက်​ဆပ်​ပြာ​နှင့် ရေ​ချိုး၍၊ ချက်​သော ဆပ်​ပြာ​အ​များ​ကို သုံး​သော်​လည်း၊ သင်၏​အ​ပြစ်​သည် ငါ့​ရှေ့​မှာ​ထင်​ရှား​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​သည် သင့်ကိုယ်သင် ပြာရည်​နှင့် မည်မျှ​ဆေးကြော​သည်​ဖြစ်စေ​၊ ဆပ်ပြာ​မည်မျှ​သုံး​သည်​ဖြစ်စေ သင်​၏​ဒုစရိုက်​သည် ငါ့​ရှေ့​၌ စွန်းထင်း​လျက်​ရှိ​သည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 2:22
12 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ဒါ​ဝိဒ်​က``သို့​ဖြစ်​လျှင်​ဤ​အ​ရပ်​တွင် ပင်​ယ​နေ့​နား​နေ​လော့။ နက်​ဖြန်​သင့်​အား​ပြန်​၍ လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဥ​ရိ​ယ သည်​ထို​နေ့​နှင့်​နောက်​တစ်​နေ့​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​လေ​သည်။-


အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။


အ​ကယ်​၍​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ရေး​မှတ်​ထား​မည်​ဆို​ပါ​က အ​ဘယ်​သူ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​နိုင်​ပါ​မည်​နည်း။


ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို​ရှေ့​တော်​၌ ချ​ထား​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​လျှို့​ဝှက်​ကူး​လွန်​သည့် ဒု​စ​ရိုက်​များ​ကို​ကိုယ်​တော်​မြင်​သာ​သည့် နေ​ရာ​၌ ချ​ထား​တော်​မူ​ပါ​၏။


သူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ငါ​မြင် ၏။ ငါ​မ​မြင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ မြင်​ကွင်း​နှင့်​မ​လွတ်။-


ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-


အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။


အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။-


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​ကို​မှတ်​တမ်း​တင်​၍​ထို​မှတ်​တမ်း များ​ကို​သိမ်း​ဆည်း​ထား​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။-


``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ