Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:22 - Common Language Bible

22 ဤ​သို့​ဆိုး​ညစ်​မှု​အ​တွက်​နောင်​တ​ရ​လော့။ ဤ သို့​စိတ်​အ​ကြံ​အ​စည်​ပြု​မိ​သည့်​အ​တွက် အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ရန် သ​ခင်​ဘု​ရား ထံ​ဆု​တောင်း​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သို့ ဖြစ်၍ သင့် ဆိုး သွမ်း ခြင်း အ တွက် နောင် တ ရ လျက် အ ကြံ အ စည် ကို လည်း ချမ်း သာ ပေး ကောင်း ပေး တော် မူ စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့ကြောင့် သင်​၌​ရှိ​သော ဤ​မကောင်းမှု​အတွက် နောင်တရ​လျက် သခင်​ဘုရား​ထံ​ဆုတောင်း​လော့။ သို့ပြုလျှင် သင့်​စိတ်နှလုံး​၏​အကြံအစည်​အတွက် သင်​သည် ခွင့်လွှတ်​ခြင်း​ခံရ​ကောင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့ကြောင့် သင်​၏​မကောင်းမှု​အတွက် နောင်တရ​၍ ဘုရားသခင်​ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်​သည် သင်​၏​ဆိုးညစ်သော​ကြံစည်မှု​အတွက် ခွင့်လွှတ်​ကောင်း ခွင့်လွှတ်​နိုင်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:22
23 ပူးပေါင်းရင်းမြစ်များ  

မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။


ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။


အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-


ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။


သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​စိတ်​တော်​ပြောင်း လဲ​ကောင်း​ပြောင်း​လဲ​လိမ့်​မည်။ အ​မျက်​တော် ပြေ​ကောင်း​ပြေ​လိမ့်​မည်။ ငါ​တို့​သည်​လည်း အ​သက်​ချမ်း​သာ​ရာ​ရ​နိုင်​မည်'' ဟူ​၍​ဖြစ်​၏။


ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​လူ​တို့​မ​သိ​သည့် အ​ချိန်​ကာ​လ​များ​ကို​ရှု​မှတ်​တော်​မ​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​၌​အ​ရပ်​ခပ်​သိမ်း​မှ လူ​အ​ပေါင်း​တို့​အား​နောင်​တ​ရ​စေ​ခြင်း ငှာ​အ​မိန့်​ပေး​တော်​မူ​ပြီ။-


ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-


သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-


ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-


သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။-


သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-


ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-


နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ