ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
ယေရမိ 39:8 - Common Language Bible ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။- Garrad Bible ခါ လ ဒဲ တပ် သား တို့ လည်း နန်း တော် မှ စ သော မြို့ သူ မြို့ သား တို့၏ အိမ် များ ကို မီး တိုက်၍၊ ယေ ရု ရှ လင် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး နောက်၊ Judson Bible ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။ |
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။ ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။-
ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။ သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။ စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
သူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။-
သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။-
ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒသမလ၊ လဆန်းငါးရက်နေ့၌ ယေရုရှလင်မြို့မှလွတ်မြောက်လာသူတစ် ယောက်သည်လာ၍ငါ့အားယေရုရှလင် မြို့ရန်သူလက်သို့ကျရောက်သွားသည့် အကြောင်းကိုပြောပြ၏။-
ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။