ယေရမိ 17:27 - Common Language Bible27 သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဥ ပုသ် နေ့ ၌ ယေ ရု ရှ လင် မြို့ တံ ခါး များ ဖြင့် ဝန် ကို မ ထမ်း မ သွင်း ဘဲ၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ရ မည့် အ မိန့် တော် ကို၊ နား မ ထောင် ကြ လျှင် မူ ကား၊ ယေ ရု ရှ လင် မြို့ ရှိ ဘုံ ဗိ မာန် များ ကို ကျွမ်း လောင် ရန်၊ မ ငြိမ်း ရ သော မီး ကို တံ ခါး ဝ များ တွင် ပင် ငါ မွေး မည် ဟူ သော ဗျာ ဒိတ် တော် ကို ကြော် ငြာ လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။