အီဂျစ်ပြည်တွင်ကိုယ်တော်ရှင်သည်အံ့သြ ဖွယ်ရာများနှင့် ထူးဆန်းသည့်နိမိတ်လက္ခ ဏာများကိုပြတော်မူပါ၏။ ယနေ့တိုင် အောင်ပင်ထိုအမှုအရာများကိုဣသ ရေလအမျိုးသားတို့တွင်လည်းကောင်း၊ လူမျိုးတကာတို့တွင်လည်းကောင်းဆက် လက်၍ပြတော်မူလျက်ရှိသဖြင့် ကိုယ် တော်ရှင်၏သတင်းတော်သည်အရပ်ရပ် သို့ပျံ့နှံ့၍ရှိပါ၏။-
အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး နှင့် အ ခြား သော လူ မျိုး ၌ လည်း ကောင်း၊ ယ ခု တိုင် အောင် သက် သေ နိ မိတ် လ က္ခ ဏာ များ ကို စီ ရင် သ ဖြင့်၊ ယ ခု ရှိ သော ဘွဲ့ နာ မ ကို ယူ တော် မူ ထ သော၊
အဲဂုတ္တုပြည်၊ ဣသရေလပြည် အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ်ကျော်စောသောသတင်း ရှိတော်မူ၏။
ကိုယ်တော်သည် အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ပြုတော်မူသကဲ့သို့ ယနေ့အထိလည်း အစ္စရေးလူမျိုးနှင့်လူမျိုးတကာတို့တွင် ပြုတော်မူ၍ နာမတော်ကို ယနေ့ကဲ့သို့ ထင်ရှားစေတော်မူ၏။
အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။
ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
မောရှေအားဖြင့်တန်ခိုးတော်ကိုအသုံးပြု ကာ မိမိ၏လူမျိုးတော်ရှေ့၌ပင်လယ်ရေကို နှစ်ချမ်းကွဲစေတော်မူပြီးလျှင် ထာဝစဉ်ကျော် ကြားလာတော်မူသောထာဝရဘုရားကား အဘယ်မှာနည်းဟု'' မေးကြ၏။
ကျွဲနွားများကိုစိမ်းလန်းစိုပြေသည့်ချိုင့်ဝှမ်း သို့ပို့ဆောင်သကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းအေးရာအရပ် သို့ပို့ဆောင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ် တော်သည် မိမိဘုန်းအသရေတော်ကိုထင် ရှားစေတော်မူသတည်း။
ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
ဒံယေလသည်ဒါရိမင်းနန်းစံချိန်နှင့်၊ ပါရှ အမျိုးသားကုရုမင်းနန်းစံချိန်၌ကောင်း စားလျက်နေသတည်း။
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-