ယေရမိ 32:21 - Common Language Bible21 ရန်သူများအားကြောက်လန့်တုန်လှုပ်၍ သွားစေသည့်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့်အံ့သြဖွယ်ရာတို့ဖြင့် ကိုယ်တော်ရှင် သည်ကိုယ်တော်ရှင်၏တန်ခိုးစွမ်းအားတို့ ကိုအသုံးပြု၍ ကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလတို့အားအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 သက် သေ နိ မိတ် လ က္ခ ဏာ ပြ ခြင်း၊ အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း၊ ကြောက် မက် ဖွယ် တန် ခိုး ပြ ခြင်း များ ဖြင့်၊ ဣ သ ရေ လ လူ မျိုး တော် ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible21 နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသောလက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဖွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများပြုလျက်၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် ကြောက်မက်ဖွယ်အမှုကြီးတို့ကိုပြု၍ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-