Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 32:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကိုယ်တော်​သည် အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ပြု​တော်မူ​သကဲ့သို့ ယနေ့​အထိ​လည်း အစ္စရေး​လူမျိုး​နှင့်​လူမျိုး​တကာ​တို့​တွင် ပြု​တော်မူ​၍ နာမ​တော်​ကို ယနေ့​ကဲ့သို့ ထင်ရှား​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အီ​ဂျစ်​ပြည်​တွင်​ကိုယ်​တော်​ရှင်​သည်​အံ့​သြ ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သည့်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​တော်​မူ​ပါ​၏။ ယ​နေ့​တိုင် အောင်​ပင်​ထို​အ​မှု​အ​ရာ​များ​ကို​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​တွင်​လည်း​ကောင်း၊ လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း​ဆက် လက်​၍​ပြ​တော်​မူ​လျက်​ရှိ​သ​ဖြင့် ကိုယ် တော်​ရှင်​၏​သ​တင်း​တော်​သည်​အရပ်​ရပ် သို့​ပျံ့​နှံ့​၍​ရှိ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အိ ဂျစ် ပြည် ၌ လည်း‌ ကောင်း၊ ဣ သ ရေ လ လူ မျိုး နှင့် အ ခြား သော လူ မျိုး ၌ လည်း‌ ကောင်း၊ ယ ခု တိုင် အောင် သက် သေ နိ မိတ် လ က္ခ ဏာ များ ကို စီ ရင် သ ဖြင့်၊ ယ ခု ရှိ သော ဘွဲ့ နာ မ ကို ယူ တော် မူ ထ သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အဲ​ဂု​တ္တု​ပြည်၊ ဣ​သ​ရေ​လ​ပြည် အ​စ​ရှိ​သော လူ​အ​မျိုး​မျိုး​တို့၌ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ယ​နေ့​တိုင်​အောင် ပြ​တော်​မူ​သ​ဖြင့်၊ ယ​ခု​ကဲ့​သို့ အ​စဉ်​ကျော်​စော​သော​သ​တင်း ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:20
21 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်တွင် ဘုရားသခင်​၏​လူမျိုး​တော်​အစ္စရေး​နှင့်​တူ​သော​လူမျိုး တစ်​မျိုးမျိုး​ရှိ​ပါ​သလော​။ ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​အဖြစ် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​ပါ​ပြီ​။ အီဂျစ်​ပြည်​၊ လူမျိုးခြား​တို့​နှင့် သူ​တို့​၏​ဘုရား​များ​ထံမှ ရွေးနုတ်​တော်မူ​ခဲ့​သော​လူမျိုး​တော်​၏​ရှေ့မှောက်​မှာ​ပင် ပြည်​တော်​အဖို့ ကြီးမြတ်​၍​အံ့ဖွယ်​သော​အမှု​များ​ပြု​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​ပါ​ပြီ​။


မြေကြီး​ပေါ်တွင် ဘုရားသခင်​၏​လူမျိုး​တော်​အစ္စရေး​နှင့်​တူ​သော​လူမျိုး တစ်မျိုးမျိုး​ရှိ​ပါ​သလော​။ ဘုရားသခင်​သည် ကိုယ်တိုင်​ကြွ​တော်မူ​၍ မိမိ​လူမျိုး​တော်​အဖြစ် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​ပြီး ကြီးမြတ်​၍​အံ့ဖွယ်​သော​အမှု​များ​ပြု​ခြင်း​ဖြင့် နာမ​တော်​ကို သိ​စေ​ခဲ့​ပါ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ကယ်ထုတ်​တော်မူ​ခဲ့​ပြီး သူ​တို့​ရှေ့​မှ​လူမျိုးခြား​တို့​ကို နှင်ထုတ်​တော်မူ​ခဲ့​ပါ​၏​။


ဖာရော​မင်းကြီး​အပါအဝင် သူ​၏​အစေအပါး​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆန့်ကျင်​၍ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ကိုယ်တော်​ပြ​တော်မူ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘိုးဘေး​တို့​အား ဖိနှိပ်ညှဉ်းဆဲ​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​၍ ကိုယ်တော်​သည် နာမ​တော်​ကို ယနေ့​တိုင် ထင်ရှား​စေ​တော်မူ​ပြီ​။


သူ​တို့​ရှေ့​၌​ပင် ကိုယ်တော်​သည် ပင်လယ်​ကို​ခွဲ​တော်မူ​၍ ပင်လယ်​အလယ် ခြောက်သွေ့​သော​မြေ​ပေါ်တွင် သူ​တို့​ကို ဖြတ်ကူး​စေ​၏​။ သူ​တို့​ကို လိုက်​သော​သူ​တို့​အား ကျောက်တုံး​ကို ရေနက်​ထဲ​ပစ်ချ​သကဲ့သို့ ပင်လယ်နက်​ထဲသို့​ပစ်ချ​တော်မူ​၏​။


အို အီဂျစ်​ပြည်​၊ ကိုယ်တော်​သည် နိမိတ်လက္ခဏာ​များ​နှင့်​တန်ခိုးလက္ခဏာ​တို့​ကို သင်​၏​အလယ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​၏​။


အီဂျစ်​လူမျိုး​တို့​ကို ငါ​အပြင်းအထန်​ဒဏ်ခတ်​ခဲ့​သော​အမှု​များ​၊ သူ​တို့​အား ငါ​ပြ​ခဲ့​သော နိမိတ်လက္ခဏာ​များ​ကို သင်​တို့​သည် သင်​တို့​၏​သား​မြေး​များ​အား ပြောကြား​၍ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိရှိ​စေရန် သူ​တို့​၏​စိတ်နှလုံး​ကို ငါ​ခိုင်မာ​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ငါ​၏​လက်​ကို​ဆန့်​၍ အီဂျစ်​ပြည်​ထဲ​၌ ငါ​ပြု​မည့် အံ့ဖွယ်​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် ထို​ပြည်​ကို​ဒဏ်ခတ်​မည်​။ ထို့နောက်မှ သူ​သည် သင်​တို့​ကို​လွှတ်​လိမ့်မည်​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။


အကယ်စင်စစ် သင့်​အား ငါ​၏​တန်ခိုး​ကို​ပြသ​ရန်​နှင့် မြေ​တစ်ပြင်လုံး​၌ ငါ​၏​နာမ​ကို ကြေညာ​ရန် ငါ​သည် သင့်​ကို တည်​နေ​စေ​ခြင်း​ဖြစ်​၏​။


ဘုန်းကြီး​သော​လက်ရုံး​တော်​ကို မောရှေ​၏​လက်ယာ​လက်​နှင့်အတူ ရှိ​စေ​သော​သူ​၊ နာမ​တော်​အစဉ်​ထင်ရှား​စေရန် သူ​တို့​ရှေ့​တွင် ရေ​ကို​ခွဲ​သော​သူ​၊


ချိုင့်ဝှမ်း​ထဲသို့​ဆင်းလာနား​သော တိရစ္ဆာန်​ကဲ့သို့ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို အနားယူ​စေ​တော်မူ​၏​။ ထိုနည်းတူ ကိုယ်တော်​သည် နာမ​တော်​ဘုန်းကြီး​စေရန် လူမျိုး​တော်​ကို ဦးဆောင်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က “လူ​သည် ခါး​၌​ခါးပတ်​ကို စည်းထား​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​အပေါင်း​တို့​ကို ငါ့​လူမျိုး​တော်​၊ ငါ့​နာမ​တော်​၊ ငါ့​ဘုန်း​တော်​၊ ငါ့​ဂုဏ်တော်​အဖြစ် ငါ့​ခါး​၌​စည်းထား​သော်လည်း သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ”​ဟု မိန့်​တော်မူ​၏​။


ဤသို့ဖြင့် ဒံယေလ​သည် ဒါရိ​မင်းကြီး​လက်ထက်​နှင့် ပါးရှား​လူမျိုး​ကုရု​မင်းကြီး​လက်ထက်​တို့​တွင် ကောင်းစား​လျက်​နေ​၏​။


တန်ခိုးကြီး​သော​လက်​တော်​ဖြင့် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​သော​အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ယနေ့​တိုင် အပြစ်​ပြု​လျက်​၊ ဆိုးယုတ်​လျက်​သာ ရှိ​ပါ​၏​။


သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​ထုတ်ဆောင်​လာ​၍ အီဂျစ်​ပြည်​၌​လည်းကောင်း၊ ပင်လယ်​နီ​၌​လည်းကောင်း၊ အနှစ်​လေးဆယ်​တိုင်တိုင် တော​ကန္တာရ​၌​လည်းကောင်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို​ပြု​ခဲ့​၏။


အီဂျစ်​ပြည်​၌ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​ပြည်သူပြည်သား​တစ်ရပ်လုံး​ကို နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​သော​အမှု​များ​ပြ​တော်မူ​ခဲ့​ပုံ​နှင့်


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် ပြု​တော်မူ​သော​အမှု​အပေါင်း​တို့​ကဲ့သို့ မည်သည့်​ဘုရား​တစ်ပါးပါး​က စုံစမ်းမှု​ပြု​လျက်​၊ နိမိတ်လက္ခဏာ​ပြ​လျက်​၊ အံ့ဖွယ်အမှု​ပြု​လျက်​၊ စစ်တိုက်​လျက်​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​ကို​ဆန့်​လျက်​၊ ကြောက်မက်​ဖွယ်​အမှု​ကြီး​များ​ပြု​လျက် မိမိ​အဖို့ လူမျိုး​တစ်​မျိုး​ကို အခြား​လူမျိုး​တစ်မျိုးမျိုး​ထဲမှ သွား​၍​ထုတ်ဆောင်​ရန် ကြိုးပမ်း​ဖူး​သလော​။


ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။


သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ